Fact Check: ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ စစ်သင်တန်းဆင်းပွဲအဖြစ် ပျောက်ကျား စစ်ဝတ်စုံနဲ့ စီးတန်းလမ်းလျှောက်၊ လက်မှတ်ပေးအပ်မှုမြင်ကွင်းတွေပါတဲ့ ဗွီဒီယိုတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ လူငယ်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။  “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး […]

Continue Reading