Fact Check: အမေရိကန် ဗိုလ်ချုပ်ကြီး Cloutier ကို ရုရှားက ဖမ်းဆီးဆိုတဲ့သတင်းတု သတင်းမှား
အမေရိကန် ဗိုလ်ချုပ်ကြီး Gen. Cloutier ကို ရုရှားဖက်ကဖမ်းဆီးရမိတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ အကြောင်းအရာဟာ မှားယွင်းပါတယ်။ “မာရီယူပိုလ်က Azov တပ်တွေကို နောက်ကွယ်ကအကူပေး၊ စီစဉ်ညွှန်ကြားနေတဲ့ အမေရိကန် Gen. Cloutier ကို ရုရှားဖက်က ဖမ်းဆီးမိလိုက်ပါပြီ။ #KT”စသည်ဖြင့်ရေးသားပြီး “ဗဟိုစည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာမှားယွင်းကြောင်း နေတိုး (North Atlantic Treaty Organization-NATO)အဖွဲ့တာဝန်ရှိသူက ရိုက်တာ(Reuters)သတင်းဌာနကို အတည်ပြုထားတာတွေ့ရပါတယ်။ ဉရောပနေတိုး၏မဟာမိတ်ကွပ်ကဲမှုဌာနချုပ်(SHAPE)မှ ပြည်သူ့ရေးရာအရာရှိတစ်ဦးက သတင်းဌာန ကိုပြောကြားတဲ့ ထုတ်ပြန်ချက်မှာ “ဒီပြောဆိုချက်တွေဟာ လုံးဝလွဲမှားနေပါတယ်။ ၂၀၂၁ […]
Continue Reading