NLDကိုယ်စားလှယ်ကိုတိုင်ကြားပေမဲ့ ရွေးကောက်ပွဲနီးတာကြောင့် ပါတီပုံရိပ်ကျ ဆင်း နိုင်လို့ အရေးမယူဘူးဆိုတဲ့ သတင်းအမှား

တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၇၀၀ကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့တဲ့ NLD လွှတ်တော်အမတ်ကို NLDပါတီဝင်တွေက ပါတီဗဟိုသို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူခြင်းမရှိဘူးဆိုတဲ့ သတင်းကို Kachin Daily Newsဆိုတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာကရေးသားခဲ့ပါတယ်။ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိ”နဲ့ “ရွေးကောက်ပွဲနီးမှ အရေးယူနေရပါက ပါတီပုံရိပ်ကျသွားနိုင်သည်ဟုပါတီပြောရေးဆိုခွင့်ရှိသူမှပြော”ဆိုတဲ့ ခေါင်းစဥ်နှစ်ခုနဲ့ရေးသားထားတဲ့ အဲ့ပို့စ်မှာ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ NLDပါတီမှ လက်ရှိဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား NLD ပါတီဝင်များက ပါတီဗဟိုသို့ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲနီးနေသည့်အတွက် NLDဗဟိုမှ အရေးယူသွားရန် မရှိကြောင်း သိရသည်”လို့ရေးသားထားပါတယ်။ FB […]

Continue Reading