တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ ဖျားနေတဲ့သူက ဝက်သားစား လို့ဖြစ်တာလား
တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ အပြင်းအထန်ဖျားနေတဲ့သူတစ်ယောက်နဲ့ ဝက်သားတုံး ပုံတွေပါတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဝက်သားကြိုက်သူများ ခများ သတိထားကြပါ ဗျ” ဆိုပြီးတော့ “Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တိုက်ကြီး သူ/သား များဆုံစည်းရာ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ပေါင်း ၁ သောင်း ၆ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပို့စ်မှာ ဓာတ်ပုံ ၄ ပုံပါဝင်တာတွေ့ရပြီး ဝက်သားတုံးပုံ ၂ ပုံနဲ့ အဖုအပိန့်တွေနဲ့ ဖျားနာနေသူတစ်ယောက်ရဲ့ အနီးကပ်မျက်နှာပုံ နှစ်ပုံပါဝင်တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပုံတွေထဲက အဝတ်စိမ်းတစ်ခုခေါင်းပေါ်တင်ထားတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေမယ် ဆိုရင် ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ […]
Continue Reading