Fact Check: Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးမဲပေါက်ပေးမယ် ဆိုတဲ့ စာမျက်နှာအတု
Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကား ၁၀ စီးမဲဖောက်ပေးမယ်ဆိုပြီး Hyundai က ဖြန့်ဝေနေသယောင်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်မှာ “ယနေ့ Hyundai ၏ 52 နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်။ အထူးသဖြင့် ကျွန်တော်တို့ဆီက ကားမရှိသူတွေအတွက်ပါ။ ကား ၁၀ စီး လက်ဆောင်ပေးဖို့ သဘောတူပြီး ပျော်ပါတယ်။ သင်၏ကံကောင်းသည့်သေတ္တာနံပါတ်ကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီက ကားသော့ပါတဲ့ သေတ္တာ ၁၀ လုံးပဲရှိတယ်။ (ဆုများကို ယနေ့ ပေးပို့ပါမည်။)! ကားဆုအား ကံထူးရှင်၏လိပ်စာသို့ တိုက်ရိုက်ပေး ပို့ပါမည်။ သင်၏အမည်ကို ကျွန်ုပ်တို့၏စနစ်တွင် အောင်နိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း သေချာပါစေ။ ဤနေရာတွင် မှတ်ပုံတင်ပါ။ https://bit.ly/3BpmvrD”လို့ ရေးသားထားပါတယ်။ […]
Continue Reading