Fact Check: မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းတဲ့ သတင်းတု 

မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ICC နဲ့ ထရမ့် မြန်မာအ‌ရေး ပြသာနာတက် အကြမ်းဖက်မှု သက်သေ ပြည့်စုံနေပြီး စစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့  ICC နဲ့ ICJ ကို သုံးစားမရဟုဆိုကာ အကုန်ဖျက်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ […]

Continue Reading

Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို  UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ် လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ICC သေဒဏ်ပေးတဲ့ သတင်းမှား

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှား သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၅၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မအလကို ICC သေဒဏ်အမိန့်ချပြီ ICC ရှေ့နေချုပ် ရန်ကုန်ရောက်နေ ပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် အလားတူတဲ့ ဖြန့်ဝေမှုမှာတော့ စစ်ခေါင်းဆောင်ဟာ ICC ကိုသေဒဏ်မပေးဖို့ တောင်းပန်လိုက်ပြီး NUG ကို အာဏာလွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် ICCမှာ ဖမ်းခံရကြောင်း ဇော်မင်းထွန်း ဝန်ခံ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေတဲ့ စာမျက်နှာတွေဖြစ်တယ်။ အခုလည်း ဗွီဒီယိုအစမှာ စစ်ခေါင်းဆောင်ကို ICC ကဖမ်းဆီးလိုက်ကြောင်း စစ်တပ်က ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံတယ်လို့ […]

Continue Reading

Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံဆိုတဲ့ သတင်းမှား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ပို့ဖို့အတွက် အင်ဒိုနီးရှားက အာမခံတယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။   ဖြန့်ဝေနေတဲ့ ဗွီဒီယိုပုံစံပို့စ်တွေမှာ “မအလ ICC ပို့ဖို့ အင်ဒိုနီးရှား အာမခံပြီ”လို့  ရေးသားထားသလို “ မအလ ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံပြီ မင်းအောင်လှိုင် ပြေးဖို့ပြင်ထား” စသည်ဖြင့် ရေးသားထားပါတယ်။  “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို ဇန်နဝါရီ ၁၈ က အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB Link  ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုကို  ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ  လွတ်လပ်တဲ့မြန်မာအသံသတင်းဌာနကဖော်ပြခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် “အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့်”ဆိုတဲ့ သတင်းဆောင်းပါကို […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ICC က ဆင့်ခေါ်ပြီဆိုတဲ့ သတင်းတု

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားစွဲဆိုဖို့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖြုတ်ချခံ အရပ်သားအစိုးရကို ဆက်ခံတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင်တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ  “မင်းအောင်လှိုင်ကို iccက ဆင့်ခေါ့်ပြီ”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာလည်း ” (၁၆)ရက်နေ့ ICC ကဆင့်ခေါ်ပြီ မင်းအောင်လှိုင်အတွက် ပြေးလမ်းမရှိပြီ” စသည်ဖြင့်လည်းရေးသားထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ်ဆင့်ခေါ်ထားပြီး ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ICJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်တပ်ဆင့်ခေါ်ထားပြီး မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ “မြန်မာ့တပ်မတော်ဆိုတာဒါမျိူးကိုခေါ်တာ ပေါက်တယ်နော်ခွေးနီပိန်းလေးများ ရှင်း တယ် နော် ICJ ကိစ္စ တပ်မတော်ကာချုပ်အမည် BY NAME တပ် ဆင့်ခေါ်သည်မှန်သော်လည်း မြန်မာပြည်သည် ICC „ ICJ အဖွဲ့သို့မဝင်ထားသဖြင့် သွားရောက်ဖြေရှင်းမည် မဟုတ်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ […]

Continue Reading