Fact Check: ဘောလိဝုဒ် မင်းသားတွေ မြန်မာအရေးလှုပ်ရှားမှုပုံတွေလား-မဟုတ်ပါ
အိန္ဒိယနာမည်ကြီး ဘောလိဝုဒ်(Bollywood)မင်းသားတွေက မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့တကွမျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အကြောင်းအရာအမျိုးမျိုးနဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်ကာ မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ရှက်တတ်ရင်သေလို့ရပြီ မြန်မာ သရုပ်ဆောင်ဘောမများ 🖕🖕 အိန္ဒိယ ဘောလိဝုစ် မင်းသားကြီးများ မြန်မာပြည်သူများဘက်မှ ရပ်တည်ကုန်ကြပြီ #Chtoo”လို့ရေးသားပြီး “ဒိတ်ဒိတ် ကြဲ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မတ် ၁၆ ရက်မှာ မျှဝေထားရာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဓာတ်ပုံကို tineye မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ […]
Continue Reading