အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူတွေလဲကျတာကို ဗိုင်းရပ်စ်ပိုးကြောင့်လဲကျနေတဲ့ မြင်ကွင်း အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လကျော် lockdown လုပ်ထားရာကနေ တစ်ဖြေးဖြေးချင်း ပြန်လည်ဖွင့် လှစ်လိုက်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ “မြန်မာပြည်က လူတွေ မပေါ့ဆကြပါနဲ့အုံးနော် အစောပိုင်းက အိန္ဒိယမှာ ဗိုင်းရပ်ပိုး မရောက်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနေခဲ့ကြတာ အခု သေမှသေတော့လည်း ကြောတ်စရာကြီးဘဲ”ဆိုပြီးတော့ ပို့စ်တစ်ခုကို “ထုံးအိုင်သူ ရွှေညာသား”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “နောက်ဆုံးရ သတင်း ထူးများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရာမှာ ၂၁ နာရီအတွင်း လူ ၁ ထောင်ကျော်က ပြန်လည်မျှဝေကြပါတယ်။

Fb linkArchive link

အလားတူပဲ “Thein Kyaw Soe” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ သူ့ရဲ့ စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။

Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံး အမျိုးသမီးတစ်ဉီးဆိုင်ကယ်နံဘေးမှာ ရပ်နေရင်းကနေ နောက်က လမ်းပလက်ဖောင်းပေါ်မှာ လဲကျ သွားတဲ့ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုကနေ ပုံပြောင်းနိုင်တဲ့ဆော့ဝဲလ်ကို အသုံးပြုပြီး ဓာတ်ပုံ အဖြစ်ပြောင်းကြည့် ရာအောက်ပါအတိုင်းတွေ့ရပါတယ်။

ရလာတဲ့ပုံတွေကို  Google မှာ ပုံပြောင်းပြန်ရှာနည်းနဲ့ ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဒီဓာတ်ပုံတွေပါတဲ့ လင့်ခ်တွေကို ထောက်ကြည့်ရာမှာ Visak or Vizag ဓာတ်ငွေ့ယိုစိမ့်မှုအဖြစ်ဖော်ပြထား တာတွေ့ရပါတယ်။

Google မှာ “vizag gas leak’’စတဲ့အဓိကျတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေရာမှာ အိန္ဒိယနိုင်ငံမှာ မေ ၇ ရက်က Andhra Pradesh ပြည်နယ် Visakhapatnam မြို့က ပလက်စတစ်စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ထက်မနည်းသေဆုံးပြီး လူပေါင်းများစွာဆေးရုံတင်ခဲ့ရတဲ့ သတင်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

India Today
New York Times
New Indian Express

Visak or Vizag ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်မှားလမ်းဘေးပလက်ဖောင်းပေါ်လဲကျသူတွေ၊ ဆေးရုံတင်ရသူတွေအခြေ အနေကိုရိုက်ပြထားတဲ့ ဗွီဒီယိုသတင်းတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုထဲမှာပါတဲ့သူတွေဟာ အိန္ဒိယမှာ ဗိုင်းရပ်စ်ပိုးကြောင့်လဲကျ နေသူတွေမဟုတ်ဘဲ မေ ၇ ရက်က Visakhapatnam မြို့က ပလက်စတစ်စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား မှုဖြစ်စဉ်ဖြစ်တာတွေ့ရတဲ့အတွက် သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူတွေလဲကျတာကို ဗိုင်းရပ်စ်ပိုးကြောင့်လဲကျနေတဲ့ မြင်ကွင်း အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *