ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading