Fact Check: ပဟေဠိဖြေနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်ဆိုတဲ့ သတင်းတု
ပဟေဠိဖြေဆိုနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှာတခုသာဖြစ်တာတွေ့ရတယ်။ မတ် ၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၆၀၀၀ ကျော်ရှိထားတယ်။ ဒီတူညီတဲ့ရေးသားမျှဝေမှုကိုပဲ ဇူလိုင် ၁၃ ရက်က ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ကျော်ရရှိခဲ့တယ်။ ဒီနေရာမှာလည်းတွေ့ရတယ်။ “{29} မှလွဲ၍ အခြားနံပါတ်တစ်ခုကို ရှာတွေ့ပါက iPHONE မှ အံ့သြဖွယ်လက်ဆောင်တစ်ခု ရရှိမည်ဖြစ်သည်။ မှတ်ချက်- ဤဝန်ဆောင်မှုသည် ကျွန်ုပ်တို့ထံမှ လက်ဆောင်မရရှိဖူးသူများအတွက် ရည်ရွယ်ပါသည်။ ကံကောင်းပါစေ ❤️ @pengikut” မူရင်းလင်ခ့် – Fb link | […]
Continue Reading