Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။  “ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။  မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော […]

Continue Reading