Fact Check: တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား
ရွေးကောက်ပွဲမှာ မဲလိမ်လည်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လက်ထောက် ဂျိုးဖစ်ရှာကလုပ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ပြည်နယ်နှင့်တိုင်းအလိုက် USDP၊ NLD နဲ့တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ထောက်ခံမှုရာခိုင်နှုန်းများနှင့်အတူ “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ”၊ ““ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVD; မငြိမ်းချမ်းနယ်မြေ သတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”စတဲ့ ပြောဆိုရေးသားချက်တွေပါဝင်ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ၁ ထောင်ကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ မူရင်းလင့်ခ် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားမျှ ဝေနေတဲ့ပို့စ်ဟာ အထောက်အထားတစ်စုံတစ်ရာအပေါ်မှာအခြေခံထားခြင်းမရှိပါဘူး။ အခုလိုမျှဝေထားတဲ့ပို့စ်မှာ ဘာတွေမှားယွင်းနေသလဲကြည့်ရအောင်ပါ။ […]
Continue Reading