Fact Check: မှတ်ချက်မပါသော ငွေလွှဲများအတွက် KPay အကောင့် ပိတ်ခံရမယ်ဆိုတဲ့ သတင်းမှား

ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွှဲပြောင်းမှုတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်တော့မယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်ပြီး KBZ Pay ဟာလည်း စမတ် ဖုန်းကတစ်ဆင့် ငွေပေးချေးမှုများအတွက် နာမည်ကြီးပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link Kbz pay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မေ ၂၇ ရက်ကစပြီး ဒီအကြောင်းအရာကို ဆက်တိုက်ဆိုသလို ရေးသားမျှဝေနေတာတွေ့ရပါတယ်။ မေ ၂၇ ရက် ညနေ ၆ နာရီမှာ ယနေ့ညနေကစပီး “kbzpay ( Note update ) […]

Continue Reading

Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  […]

Continue Reading