Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ
အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Boom၊ AFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။ Google မှာပုံရှာနည်း၊ […]
Continue Reading