Fact Check: ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းဘုရင်ကြီး မူဆလင်ဘာသာကိုကူးပြောင်းလိုက်တယ်ဆိုတဲ့ ရေးသားချက်နဲ့အတူ ဘာသာရေးဆရာတစ်ဦးမှ ရွတ်ဖတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့အတူ “ထိုင်းတပ်မတော်ထဲကို မွတ်တို့ ဗုဒ္ဓဘာသာဟန်ဆောင်ဝင်လာခဲ့တယ်၊ ကာချုပ်အဆင့်ရောက်တော့မှ မွတ်ဆိုတာကိုယ်ထင်ပြတယ် ဘာမှမတတ်နိုင်၊ ထိုင်းမှာ မွတ်အင်အားကြီးထွားလာ၊ ဗုဒ္ဓဘာသာချိုးနှိမ်ကျော်တက်လာ၊ နောက်ဆုံးဗုဒ္ဓကိုးကွယ်ဘုရင်ကြီးကိုဖြုတ်ချ မွတ်နိုင်ငံထူထောင်ဖို့ အထိဂရုံးတေဖြစ်၊ ကာချုပ်က မွတ်တေဘက်က အဲတော့ဘုရင်ကြီး မွတ်ဘာသာပြောင်းမလား၊ နန်းချခံမလား၊ အဲတော့ ထိုင်းဗုဒ္ဓဘာသာဘုရင်ကြီး ထီးနန်းထိမ်းသိမ်းဖို့ မွတ်ဆလင်ဘာသာကူးပြောင်းလိုက်ရရှာ၊ ဤတွင် ထိုင်းဗုဒ္ဓနိုင်ငံ အစ္စလမ်နိုင်ငံအဖြစ်ကူးပြောင်း. ဗုဒ္ဓခံတပ်ပြိုလေသတည်း၊ ျမန္မာတို့ဘယ္လဲဘာလဲ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားထားတဲ့ဗွီဒီယိုဖိုင်ကို Googleမှာ InVIDဆော့လ်ဝဲနဲ့ အချက်အလက်စစ်ဆေးရာမှာတော့ ဒီဗွီဒီယိုင်ဖိုင်ဟာ Youtubeချန်နယ်တစ်ခုဖြစ်တဲ့ THAITV2 က ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ […]

Continue Reading