Fact Check: ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား
ထိုင်းဘုရင်ကြီး မူဆလင်ဘာသာကိုကူးပြောင်းလိုက်တယ်ဆိုတဲ့ ရေးသားချက်နဲ့အတူ ဘာသာရေးဆရာတစ်ဦးမှ ရွတ်ဖတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီဗွီဒီယိုဖိုင်နဲ့အတူ “ထိုင်းတပ်မတော်ထဲကို မွတ်တို့ ဗုဒ္ဓဘာသာဟန်ဆောင်ဝင်လာခဲ့တယ်၊ ကာချုပ်အဆင့်ရောက်တော့မှ မွတ်ဆိုတာကိုယ်ထင်ပြတယ် ဘာမှမတတ်နိုင်၊ ထိုင်းမှာ မွတ်အင်အားကြီးထွားလာ၊ ဗုဒ္ဓဘာသာချိုးနှိမ်ကျော်တက်လာ၊ နောက်ဆုံးဗုဒ္ဓကိုးကွယ်ဘုရင်ကြီးကိုဖြုတ်ချ မွတ်နိုင်ငံထူထောင်ဖို့ အထိဂရုံးတေဖြစ်၊ ကာချုပ်က မွတ်တေဘက်က အဲတော့ဘုရင်ကြီး မွတ်ဘာသာပြောင်းမလား၊ နန်းချခံမလား၊ အဲတော့ ထိုင်းဗုဒ္ဓဘာသာဘုရင်ကြီး ထီးနန်းထိမ်းသိမ်းဖို့ မွတ်ဆလင်ဘာသာကူးပြောင်းလိုက်ရရှာ၊ ဤတွင် ထိုင်းဗုဒ္ဓနိုင်ငံ အစ္စလမ်နိုင်ငံအဖြစ်ကူးပြောင်း. ဗုဒ္ဓခံတပ်ပြိုလေသတည်း၊ ျမန္မာတို့ဘယ္လဲဘာလဲ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် - Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလိုရေးသားထားတဲ့ဗွီဒီယိုဖိုင်ကို Googleမှာ InVIDဆော့လ်ဝဲနဲ့ အချက်အလက်စစ်ဆေးရာမှာတော့ ဒီဗွီဒီယိုင်ဖိုင်ဟာ Youtubeချန်နယ်တစ်ခုဖြစ်တဲ့ THAITV2 က ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ ၂၀၂၀ ကုရ်အာန်ကျမ်းရွတ်ဆိုပြိုင်ပွဲရဲ့ ဗွီဒီယိုဖိုင်ဖြစ်တာကိုတွေ့ရပါတယ်။ ၁မိနစ်နဲ့ ၂၉စက္ကန့်ကြာတဲ့ အထက်ပါပို့စ်ရဲ့ ဗွီဒီယိုဟာ ၂နာရီနဲ့ ၃မိနစ်ကျော်ကြာတဲ့ THAITV2ချန်နယ်ရဲ့ မူရင်းဗွီဒီယိုဖိုင်ကနေ မိနစ် ၅၀ဝန်းကျင်လောက်ကနေစပြီး ၁မိနစ်နဲ့ ၂၉စက္ကန့်လောက် ဖြတ်တောက်ထားတာ တွေ့ရပါတယ်။ အောက်ပါလင်ခါမှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
မူရင်းလင်ခ့် - Fb link | Archive link
ဒါ့အပြင် ထိုင်နိုင်ငံအခြေစိုက်သတင်းဌာတစ်ခုဖြစ်တဲ့ The Nation သတင်းဌာနကလည်း ၂၀၂၀ခုနစ် ဒီဇင်ဘာ ၁၉ရက်နေ့ရက်စွဲနဲ့ ရေးသားထုတ်ဝေထားတာတွေ့ရပါတယ်။Pattani ပြည်နယ်ရှိ Muang ခရိုင်ရှိ Central ဗလီမှာ ကျင်းပတဲ့ပွဲမှာ ဘုရင်မင်းမြတ်နဲ့ ကြင်ယာတော်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ရေးသားထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် - The Nation | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ထိုင်းဘုရင်က မူဆလင်ဘာသာကို ကူးပြောင်းသွားတယ်ဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းတဲ့ ရေးသားချက်ဖြစ်တာကို တွေ့ရပါတယ်။
Title:ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False