Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ

KNPPအကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူများတောင်ယာလုပ်ကိုင်နေတဲ့ နေရာများတွင် မိုင်းထောင်နေသော မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မျှဝေထားတာတွေ့ရပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မိုင်းရှင်းလင်းနေတဲ့မြင်ကွင်းအဖြစ် KNDF B-02 က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “KNPPအကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့် နေရာများတွင် မိုင်းများထောင်နေသော မြင်ကွင်းဖြစ်ပါသည်… #ဒေသခံတွေအထူးသတိပြုရန်” စသည်ဖြင့် ရေးသားပြီး “Min Mahar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျကတဲ့စကားလုံးအချို့ အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တင်ရင်း ၂ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Karenni Nationalities Defense […]

Continue Reading

Fact Check:  ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား

 လွိုင်ကော် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏  War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့်  ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ […]

Continue Reading