Fact Check: လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ
ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပြီးစ မြို့မြင်ကွင်းဆိုပြီးတော့ အဆောက်အဦးအပျက်အစီးမြင်ကွင်း ဓာတ်ပုံ ၂ ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုလကုန်ပိုင်း ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ ချင်းအခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေအမြောက်အများမီးရှို့ခံရတဲ့ ဓာတ်ပုံနဲ့ သတင်းတွေကိုမီဒီယာတွေမှာဖော်ပြပါတယ်။ သို့သော်လည်းအောက်ဖော်ပြပါ ဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံတွေကတော့ လစ်ဗျားနိုင်ငံက ဓာတ်ပုံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “မီးလောင်ပြီးစ ထန်တလန် မြို့မြင်ကွင်းပါ ကမ္ဘာကိုဖြန့်ပေးကြပါ စစ်ကောင်စီကို အရေးယူပေးပါတော့ အမေရိကန်သမ္မတကြီးရေ”လို့ရေးသားပြီး “Mai Chan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်တိုဘာ ၃၀ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၉ထောင်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]
Continue Reading