Fact Check: စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

၅ နှစ်အတွင်း NLD အစိုးရစွမ်းဆောင်ရည်များအဖြစ် အဝေးပြေးလမ်းမကြီးတွေကို စုစည်းဖော်ပြထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်တွေမှာ “US ဒေါ်လာ သန်းကိုးထောင်($9000)million ကျော် ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်လိုက်လို့ အမေရိကန်အစိုးရ အံ့ဩနေ”စသည်ဖြင့် အစချီရေးသားထားပြီး “၅ နှစ်သက် တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်းလမ်းမများ”လို့ရေးထိုးတာတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ သို့သော်လည်း “၅ နှစ်သက်တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်း လမ်းမများ” လို့ ရေးထိုးမျှဝေနေတဲ့ဓာတ်ပုံဟာ မြန်မာနိုင်ငံက သန်လျင်-ကျောက်တန်းလမ်းမဟုတ်ဘဲ စပိန်နိုင်ငံ M-45 လို့ခေါ်တဲ့လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တာ တာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading