Fact Check: ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို
ဇွန် ၁၅ ရက်နေ့က ပေါက်မြို့နယ် ကင်းမရွာအား စစ်တပ်ကမီးရှို့ခဲ့တဲ့ ဗွီဒီယိုလို့ရေးသားပြီးတော့ မြေစိုက်တဲအိမ် အချို့ မီးလောင်နေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာကဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “ယနေ့(၁၅.၆.၂၁)နေ့တွင် ပေါက်မြို့နယ်ကင်းမရွာအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျ ခဲ့သည့် video။ Copy by Ko thu”စသည်ဖြင့် ရေးသားပြီး“Zayar Hlwanbo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့ […]
Continue Reading