ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမစေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား
မတ်လ ၅ ရက်က အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယအစည်း အဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမစေရှိစေရေး ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်လို့ Forward Media က လူမှုကွန်ယက်မှာ ရေးသားမျှဝေထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ အရေးကိစ္စမှာ မြန်မာဘက်က ခုခံချေပခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာဝီလီယံရှာဘတ်စ်ကိုကြိုဆိုဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိနေစဥ◌်မှာ နိုင်ငံတော်သံဃာမဟာနာယက အစည်းအဝေးကို တက်ရောက်ခဲ့တာလို့လည်း ရေးသာ းထားပါတယ်။ဒေါက်တာဝီလီယံရှားဘတ်စ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုလျှောက်ထားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ ၂။ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကထုတ်ပြန်ချက်ချက်မှာလည်း ဒီလိုပြောကြားချက် မတွေ့ရှိရပါဘူး။ ပါမောက္ခ ဒေါက်တာဝီလီယံရှာဘတ်စ်နဲ့တွေ့ဆုံတဲ့ ထုတ်ပြန်ချက်လည်း မတွေ့ရှိပါဘူး။ ၃။ အခြားသတင်းဌာနတွေကလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ Forward Media ရဲ့ဖော်ပြချက်ဟာ […]
Continue Reading