Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ
ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် […]
Continue Reading