Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိလမ်း/ကျူးအိမ် ၉ လုံးအား ဖျက်သိမ်းခဲ့မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ
မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်းလို့ ခေါင်းစဉ်တပ်ထားတဲ့ live ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုမှာ အိမ်တစ်လုံးကို စည်ပင်သာယာရေးဝန်ထမ်းတွေက ဖြိုဖျက်နေပြီး ကလေးငယ်တစ် ယောက်ကို ပွေ့ချီထားတဲ့ အမျိုးသမီးက ဝန်ထမ်းတွေကို တားဆီးရင် ရန်လုပ်နေပုံနဲ့ ရဲတပ်ဖွဲ့တွေက ဖြန်ဖြေ ခေါ်ယူနေ ပုံတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်က အဖြစ်အပျက်တစ်ခုဖြစ်ပြီး လက်ရှိအဖြစ်အပျက် မဟုတ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပို့စ်ရဲ့အောက်ခြေမှာ လူမှုကွန်ယက်အသုံးပြုသူ တစ်ဦးကလည်း ၂၀၁၉ ခုနှစ်က အဖြစ်အပျက်ကို အခုမှ ပြန်ထုတ်လွှင့်နေတယ်လို့ မှတ်ချက်ပြုထားတာတွေ့ရပါ တယ်။ […]
Continue Reading