Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ကားဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မာစီဒီးကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့အတူ ကားစက်ခေါင်းဖုံးအလည်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံပါရှိပြီး လိုင်စင်ပလိတ်ပြားတပ်ဆင်တဲ့နေရာမှာ NLD လို့စာတန်းလည်း တပ်ဆင်ထားတဲ့ ဓာတ်ပုံနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာပေါ်မှာတစ်စီးထဲရှိတဲ့ကားလို့ရေးသား မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မာစီဒီးကားကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမှုနဲ့ မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading