ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

“ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ရှိနေပြီ ဒါပေမဲ့ အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး တခါတည်း ကြေညာလိုက်ရင်လို့ရှိရင် panic buying တွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ဒီနှစ်ယောက်က စဖော်မယ်ဆိုပြီးတော့မှ ပြောတယ်နော်။ အဲတော့ ရှိနေတာက ၃၃ ယောက် နည်းနည်းချင်း နည်းနည်းချင်းစီ စဖော်မယ်ဆိုပြီးတော့မှ ပြောသွားတယ်နော်”ဆိုပြီး အမျိုးသမီးတစ်ယောက်ပြောကြားထားတဲ့အသံဖိုင် တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။၂၁ စက္ကန့်ရှည်လျားတဲ့ ဒီအသံဖိုင်ကို ဘယ်သူက စတင်လိုက်တယ်ဆိုတာတော့ မသိရပါဘူး။ Herry Ye အမည်နဲ့အကောင့်က ဒီအသံဖိုင်ကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link pro7media အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် မတ် […]

Continue Reading

မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား

“Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားနှစ်ဉီးနဲ့ အမျိုးသမီးတစ်ယောက်စကားပြောနေတာတွေ့ရပြီး အချိန် ၁ မိနစ် ၂၄ စက္ကန့်ရိုက်ကူးထားတာတွေ့ရပါတယ်။ စက္ကန့် ၃၀ နဲ့ ၄၆ စက္ကန့်ကြားမှာ ကားပေါ်က အမျိုးသမီးက အောက်ပါအတိုင်းစကားပြောခဲ့ပါတယ်။ “အစ်မကြီးမှုံ မင်္ဂလာဒုံကတော့ သတင်းထူးပြီ။ မင်္ဂလာဒုံမှာ ရောဂါတွေ့လို့တဲ့ ၃ ယောက်တဲ့ ။သမီးတို့ကားကိုရပ်ထားတယ်သိလား။ ရှေ့မှာ ambulance ကြီးနဲ့ ဆင်းလာတာလည်းအများကြီးပဲ ဟုတ်တယ်။ အိမ်ထဲမှာနေတာ စုစုပေါင်း ၁၁ ယောက်တဲ့။ လူက ၃ ယောက်ကူးတာတဲ့”ဆိုပြီး ပြောကြားထားပါတယ်။ Nay Myo Thu အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပြီး “ဂီတစာဆို […]

Continue Reading

သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား

မတ် ၁၉ ရက်အထိ ကမ္ဘာတစ်လွှာက နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၆၈ အခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း စောင့်ကြည့်လူနာ ၁၇၇ ကျော်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “မကွေး/ကျိုင်းတုံ / မိုင်းဖြတ်မှ စောင့်ကြည့် ကိုရိုနာ လူနာ သုံးဉီးလုံး ယနေ့ သေဆုံးသွားပါပြီ…ဝန်ခံဖို့ အချိန်တန်ပါပြီ ဧကရီ…သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ..ဝန်ခံသင့်ပါပြီ  သို့မှ ပိုတိုးပြီး သတိထား ဆင်ချင်နိုင်ဖို့ ဖြစ်လာမှာပါ” ဆိုပြီး Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Archive […]

Continue Reading

ဝန်ကြီး pso ကပြောတယ် Covid-19 အတည်ပြုလူနာတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

“ဝန်ကြီး PSO ကပြောတယ်Case one Confirm တဲ့ ဆေးရုံကြီးမှာတွေ့တယ်တဲ့ Case one တစ်ခု မယုံလို့ဆိုရင် ခင်သိင်္ဂီမြင့်ကိုမေးကြည့်ပါ Positive တဲ့ Case one confirm ဖြစ်နေပြီတဲ့မကြာခင်ကြေညာမယ်တဲ့”ဆိုတဲ့ အသံဖိုင်တစ်ခု messenger မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ၁၄ စက္ကန့်စာ အသံဖိုင်ဟာ သူဘယ်သူဆိုတာကိုတော့ ပြောပြမထားသလို ဘယ်သူက စတင်ဖြန့်ဝေလိုက်လဲဆိုတာတော့ မသိရပါဘူး။ အချက်အလက်စိစစ်ချက် ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီလိုပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ဖြေရှင်းထားပါတယ်။ “ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် […]

Continue Reading