Fact Check: TNLA နဲ့ MNDAA ခေါင်းဆောင်တွေက NUG ကို ဝေဖန်ချက်တွေလား-မဟုတ်ပါ
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ TNLA ကလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဒီလိုပြောကြားချက် မရှိကြောင်း တရားဝင် ငြင်းဆိုထားတယ်။ ၂၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဆီကနေ နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေအချို့ကို ပြန်ပေးအပ်ကာ ငြိမ်းချမ်းရေးရယူခဲ့ရပြီးနောက် ဒီ ၂ ဖွဲ့ဟာ မြန်မာလူထုရဲ့ ဝေဖန်မှုကို ခံနေရချိန်လည်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဘယ် NUG လော်ဘီ မီဒီယာမှမတင်ပြရဲသော အမှန်တရားများ”ဆိုပြီး “star news”အမည်နဲ့ […]
Continue Reading
