Fact Check: လားရှိုးဆွေးနွေးမှု ပျက်ပြီး MNDAA ပြန်ဝင်လာတဲ့ သတင်းတု 

မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “လားရှိုးဆွေးနွေးမှု ပျက်ပြီ တရုတ်အထူး ယဉ်တန်း စစ်တပ်က ပစ်ခတ် ၊ ပြသာနာ တက်နေကုန်ပြီ ၊ MNDAA တပ်ဖွဲ့ ထောင်ချီ ပြန်ဝင်လာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုး လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်ဆိုတဲ့ သတင်းတု

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လားရှိုးကို လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာ တွေ့ရတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနှိမ်နင်းရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလို့ ကြွေးကြော်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ MNDAA ဟာ တရုတ်အစိုးရ ဖိအားပေးအကြပ်ကိုင်မှုကြောင့် စစ်ကောင်စီနဲ့ ဒုတိယအကြိမ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်က စတင်ဖြန့်ဝေခဲ့ပြီး  ပျံ့နှံ့မှု အားကောင်း နေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်စုနဲ့ လားရှိုး လှဲလှယ်ခဲ့ရဟု MNDAA ထုတ်ပြန် တစ်နိုင်ငံလုံးအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ဟုဆို ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]

Continue Reading

Fact Check:  ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးမှု သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတုပို့စ် ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗုံးလာကျဲတဲ့ မအလ ပုဇင်း(၁)စင်းကို MNDAA ပစ်ချလိုက်ပြီဟေ့ စစ်ခွေး(၇၀၀)ကျော်သေဆုံး၊လေယာဉ်မှူး(၅)ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ […]

Continue Reading