Fact Check; ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ ပုံအမှား

ဝရမ်းပြေးအဖြစ်တစ်နှစ်ကျော်လောက်တိမ်းရှောင်နေသောဦးဝီရသူက ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံပြီးနောက်မှာတော့ ရှပ်အင်္ကျီဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြနေတဲ့ ဦးဝီရသူရဲ့ပုံဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပုံကို “ဝရမ်းပြေးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဆရာတော်ဝီရသူ ရဲတပ်ဖွဲ့သို့ လာရောက်အဖမ်းခံ” “ဝရမ်းအထုပ်ခံ ရဟန်းယုတ် ဝီရသူတော့ အမှန်နန်းစံဘို့ ပြန်လှမ်းလာပီ …။ ကံပဲစမ်းသလားအကြံပဲလှမ်းသလား ညဏ်ပဲနွမ်းလို့ အကြံကုံလို့ဂဠုန်ပဲဆားချက်သလား အမှားပဲကိုဦးတည်ပြီး အရူးတွေတော့အပြောကြွယ် ဘာသာ သာသနာဆိုပြီ မကြာခင်အော်ကြတော့မယ်။….”စသဖြင့် အညွှန်းအမျိုးမျိုးတပ်ပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပုံဟာ Photoshopနဲ့ပြုပြင်ထားတဲ့ပုံဖြစ်ပါတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ဒီပုံနဲ့အလားတူပုံမျိုးကို ၂၀၁၉ခုနစ်ကလည်း “ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဖမ်းဆီးလိုက်ပြီ”ဆိုတဲ့ သတင်းအမှားမှာလည်း အသုံးပြုထားကြောင်းကို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး”ကလည်း စစ်ဆေးထားတာကိုတွေ့ရပါတယ်။ […]

Continue Reading

ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။  Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]

Continue Reading