Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရာထူးကနုတ်ထွက်ကြောင်း မြဝတီသတင်းက ထုတ်ပြန် ကြေညာဆိုတဲ့သတင်းတု

 မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။   “(၁၇)ရက်နေ့ အရေးပေါ်သတင်း မအလ ရာထူးမှရုတ်တရက်နုတ်ထွက် MWD တရားဝင်ထုတ်ပြန်ကြေညာပြီ မအလ စစ်ရှုံးလို့ ခေါင်းရှောင်သွားပြီဗျို့”လို့ဆိုပြီး Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တဲ့ အကြောင်း စစ်တပ်ပိုင် မြဝတီမီဒီယာက ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း […]

Continue Reading

Fact Check: နွားနှစ်ကောင်ပိုပြီး မွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ MWD ကြေညာဆိုတဲ့ သတင်းတု

အိမ်တစ်အိမ်မှာ နွားနှစ်ကောင်ထက်ပြီး မွေးမြူထားရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်တပ်ပိုင် MWD (မြဝတီသတင်းဌာန)ကကြေညာခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဖော်ပြချက်တွေမှာ ဒီလိုကြေညာချက်မျိုး မတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ“အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ် သိမ်းမည်ဟု စစ်ကောင်စီပိုင် MWD မှ ကြေငြာ”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “အိမ်တစ်အိမ်နွားနှစ်ကောင်ထက်ပိုမမွေးရ ဥပဒေသစ်အရ စံပြစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာအုပ်စု သို့   ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် (၃၀) ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ဖြင့်တပ်ဆင်”တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေး ထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်းသိရှိရပါသည်။”စသည့်ဖြင့်လည်းပါဝင်ပါတယ်။ ဒီသတင်းကို “Mus […]

Continue Reading