ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား
ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]
Continue Reading