သမိုင်းကြောင်းတဲ့ပါတီကို ရွေးချယ်ဖို့ ကာ/ချုပ်ပြောခဲ့သလား- မဟုတ်ပါ

လာမဲ့ရွေးကောက်ပွဲမှာ သမိုင်းကြောင်းကောင်းတဲ့ပါတီကို ရွေးချယ်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပြီး အဲ့ဒီပြောကြားချက်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက သဘောမတွေ့ဖြစ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်အသုံးပြုသူတွေကြား ပြန့်နံ့လျက်ရှိပါတယ်။ Red Zawဆိုတဲ့ ဖေ့စ်ဘွတ်အကောက်ကနေ “ကာချုပ်၏သမိုင်းကြောင်းကောင်းတဲ့ပါတီကို ရွှေးချယ်ရန် ပြောကြားချက်အပေါ် ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ သဘောမတွေ့ဖြစ်နေ”ဆိုတဲ့ ခေါင်းစဥ်နဲ့ ဒီပြောြကားချက်အပေါ် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာနန္ဒာလှမြင့်က ပြန်လည်တုံ့ပြန်ထားတဲ့ပုံစံ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမှာ ဘယ်လိုလူကို မဲပေးသင့် တယ်ဆိုတဲ့ မိန့်ခွန်းမျိုးကို ချင်းပြည်နယ်၊ နာဂဒေသက ဆေးရုံဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ တပ်မတော်သားဆရာဝန်တွေကို ဂုဏ်ပြုကျင်းပတဲ့အခမ်းအနားတစ်ခုမှာသာ ပြောကြားခဲ့တာ တွေ့ရပါ တယ်။အဲဒီအခမ်းအနားမှာလည်း အထက်ပါအတိုင်းပြောဆိုခဲ့တာမတွေ့ရပဲ တိုင်းပြည်အတွက်ကောင်းရာ ကောင်းကျိုးကို လုပ်နိုင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမယ်…”စသဖြင့်သာ […]

Continue Reading

မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေကိုအရေးယူဖို့ မုံရွာ အောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေ အရေးယူဖို့ တိုက်တွန်းကြောင်း မုံရွာ အောင်ရှင် ပြောတယ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံလျက်ရှိတဲ့ ပို့စ်မှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့ရွာ ရပ်ကွက်တွေမှာ မော်တော်ယာဉ် ဆိုင်ကယ် ဆိုက်ကား အပါအဝင် အချို့အိမ်များအတွင် နိုင်ငံတော် သာသနာနေ့ အထိမ်းအမှတ်အဖြစ် သာသနာ့အလံများ စိုက်ထူခဲ့ကြ သည့်အပေါ် ကညန လက်အောက်ရှိ မော်တော်ယာဉ်များ ဆိုင်ကယ်များနှင့် စည်ပင်သာယာမှ ခွင့်ပြုချက်မယူထားတဲ့ ဆိုက်ကားများကို အရေးယူဖို့ စည်ပင်ကို ပြောမှဖြစ်မယ်လို့ ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြေတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။ “ဘက်မလိုက် သတင်းဂျာနယ်” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားရာမှာ ၃ နာရီအတွင်း လူမှုကွန်ယက်အသုံးပြုသူ ၂၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ […]

Continue Reading

NLDကိုယ်စားလှယ်ကိုတိုင်ကြားပေမဲ့ ရွေးကောက်ပွဲနီးတာကြောင့် ပါတီပုံရိပ်ကျ ဆင်း နိုင်လို့ အရေးမယူဘူးဆိုတဲ့ သတင်းအမှား

တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၇၀၀ကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့တဲ့ NLD လွှတ်တော်အမတ်ကို NLDပါတီဝင်တွေက ပါတီဗဟိုသို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူခြင်းမရှိဘူးဆိုတဲ့ သတင်းကို Kachin Daily Newsဆိုတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာကရေးသားခဲ့ပါတယ်။ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိ”နဲ့ “ရွေးကောက်ပွဲနီးမှ အရေးယူနေရပါက ပါတီပုံရိပ်ကျသွားနိုင်သည်ဟုပါတီပြောရေးဆိုခွင့်ရှိသူမှပြော”ဆိုတဲ့ ခေါင်းစဥ်နှစ်ခုနဲ့ရေးသားထားတဲ့ အဲ့ပို့စ်မှာ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ NLDပါတီမှ လက်ရှိဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား NLD ပါတီဝင်များက ပါတီဗဟိုသို့ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲနီးနေသည့်အတွက် NLDဗဟိုမှ အရေးယူသွားရန် မရှိကြောင်း သိရသည်”လို့ရေးသားထားပါတယ်။ FB […]

Continue Reading

NLD ပါတီဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းသေချာဆိုတဲ့ သတင်းမှား

NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီဆိုပြီး အကြောင်းအရာဟာ သတင်းအမှား ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီ သမိုင်းမရိုင်းရအောင် ညင်သာစွာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတယ်စသည်ဖြင့်ရေးသားထားတဲ့ screenshot ပို့စ်ကို“San Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ဟစ်တိုင် ပေါင်းချုပ်”၊ “ဝေဖန်ကြရအောင် “စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  Fb link Archive link “Soe Paing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူ screenshot တစ်ခုကို မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် အခုလို ပျံ့နှံ့နေတဲ့ ပို့စ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။ […]

Continue Reading

ကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားတွေ စကားများပြီး ကိုယ်စားလှယ်တွေ အရိုက်ခံရကာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့ဘွတ်စာမျက်နှာမှာ ပြန်နှံ့ခဲ့ပါတယ်။ “အဲ့မှာဂွမ်းပြီပေါ့ မဲလိုချင်လို့ အနားနီးမှ အပေါ်ယံတွေနှမ်းဖြူးတော့”ဆိုတဲ့ ခေါင်းစဥ◌်နဲ့ “မီးလင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးက အချွေအရန်တွေနဲ့လာတယ်လို့ဆိုပါတယ်၊ ပြည်သူတွေက ရွေးကောက်ပွဲနီးမှ ဘာမီးလင်းရေးလဲ၊ ကျန်တဲ့အချိန်တွေက ဘယ်ရောက်နေလဲ လို့မေးခွန်းတွေမေးရာကနေ ကိုယ်စား လှယ်တော်ကြီးရဲ့ ဒေသခံကိုယ်စာလှယ်နဲ့ စပြီးပြသနာတတ်တယ်လို့ဆိုပါတယ်၊ အဲ့ဒီမှာရွာသားတွေက ပိုက်ဆံပေးဖို့ဆိုမလာဘူး ၊ ပိုက်ဆံယူဖို့ဆိုလာတယ် ၊ ငါတို့မှာ ပြဲနေအောင်လုပ်ရတယ်ဆိုပြီး အနားရှိတဲ့ ထန်းတုန်းနဲ့ လိုက်ထုကြတာ ကိုယ်စားလှယ်တော်ကြီးရော ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပါ ပြေးပေါက်တွေ မှားကုန်တယ်လို့သိရပါတယ်”ဆိုပြီး “Nay Thway” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။ FB Link Archive […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading

တောင်ကိုရီးယားမှာ ကြိုတင်မဲရလာဒ်ထွက်ပြီလား

တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲရလာဒ်ဆိုတဲ့ ပို့စ်တစ်ခု လှုမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ “တောင်ကိုရီးယားရဲ့ကြိုတင်မဲ အရေအတွက်ပါတဲ့”ဆိုပြီး “Soe Moe Aung Moe ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screenshot ရိုက်ပြီး “Bunki Latt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရတယ်။ Fb link Archive link ဒီလိုမျှဝေနတာကို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒီမဲရလာဒ်ဟာ အွန်လိုင်းကနေ စစ်တမ်းကောက်ယူရရှိတဲ့ ရလာဒ်စာရင်းသို့မဟုတ် စိတ်ကူး ပုံဖော်ထားတဲ့ ရလာဒ်သာဖြစ်နိုင်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအရပ်ရပ်က ပြည်ပရောက်မဲပေးသူတွေဟာ မဲဆန္ဒနယ်အသီးသီးက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေကို မဲပေးရမှာဖြစ်ပြီး ဒီလိုမဲပေးလိုက်တဲ့ ရလာဒ်တွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက သံရုံး၊ကောင်စစ်ဝန်ရုံးအသီးသီးကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်များအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် […]

Continue Reading

NLD နဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မှတ်ချက်ဆိုတဲ့ သတင်းမှားဖြန့်

လူမှုကွန်ယက်အသုံးပြုမှုမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချီးမွှမ်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ရှုတ်ချဝေဖန် တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ NLD က အင်တာနက်ခေတ်မှာ အားသာချက်တွေရှိနေပြီး ထောက်ခံသူတွေကလည်း အချက်အလက်နဲ့ အကျိုးရှိရှိ အသုံးချနိုင်ပေမဲ့ ပြည်ခိုင်ဖြိုးကတော့ photoshop လုပ်ပြီး သတင်းတုသတင်းမှားဖြန့်တာကလွဲလို့ မလုပ်တတ်တဲ့ အကြောင်း ဦးရဲထွဋ်ကပြောခဲ့တယ်ဆိုပြီးတော့ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ Link Link Link Archive link Archive link Archive link တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပြည်ခိုင်ဖြိုးပါတီအကြောင်း သုံးသပ်ပြောထားတယ်ဆိုတဲ့ ပို့စ်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီသတင်းမှန်သလားမေးလာတာကို အောက်ပါအတိုင်းပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ […]

Continue Reading

ဒါရိုက်တာကိုပေါက် မဲဆွယ်တယ်ဆိုတဲ့ ဓာတ်ပုံသတင်းမှား

NLD ပါတီကို မဲပေးဖို့ ဒါရိုက်တာ ကိုပေါက်က လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်တစ်ခု လှုမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံမှာ ကိုပေါက်က “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာရွက်တစ်ရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ပုံဖြစ်ပါတယ်။ “ကိုကို ဖြိုး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “Mandalay News”၊ “ရမည်းသင်း သတင်းစုံ”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ “အာ့လို တဲ့ ပြောရဲတဲ့ အနုပညာရှင်ဆို ဘာကားပဲရိုက်ရိုက် အားပေးလိုက်မယ်ကွာ”ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။ ကိုပေါက် တကယ်ပဲ “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာတမ်းပါ စာရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ကိုပေါက်ရဲ့ […]

Continue Reading

NLD ကို OIC အတွင်းရေးမှူးချုပ်က တရားစွဲဖို့တိုက်တွန်းတယ်ဆိုတဲ့ သတင်း ဗွီဒီယိုဖိုင်တု

အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်း ဆိုကြဖို့  OIC အဖွဲ့အတွင်းရေးမှူးက တိုက်တွန်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဦးဌေးအောင်ကြီးက အချိန်ကိုက်လှုပ်ရှား တာကိုးဗျ။”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ ၃ မိနစ်နဲ ၁၈ စက္ကန့်ရှည်ကြာတဲ့ ဗွီဒီယိုထဲမှာ OIC အဖွဲ့ရဲ့ လက်မှတ်ထိုးအခမ်းအနားတစ်ခုဖြစ်ဟန်တွေ့ရပြီး “ြသဂုတ် ၁၁ ရက်နေ့ ကွာလာလမ်ပူမြို့ရဲ့ သတင်းအရ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ NLD အစိုးရကို တရားစွဲဆိုနိုင်ရေးအတွက် မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် OIC အဖွဲ့ချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ OIC အတွင်းရေးမှူးချုပ် […]

Continue Reading