ပုဇွန်တောင်မြိုနယ်မဲစာရင်းထဲ အလုပ်သမား ၈၅၀ရဲ့မဲစာရင်းထည့်သွင်းတယ်ဆိုတဲ့ သတင်းအမှား

ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ဆောက်လုပ်နေတဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ဆောက်လုပ်ရေးလုပ်သား ၈၅၀ရဲ့မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်း ထဲထည့်ဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတဆင့်ထည့်သွင်းသွားတယ်ဆိုတဲ့ သတင်းကို Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဩဂုတ်လ ၁၆ရက်နေ့က မျှဝေခဲ့ပါတယ်။ ဒီပို့စ်မှာ “ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားသော ဆောက်လုပ်ရေးလုပ်သား မဲစာရင်းပြဿနာ နိုင်ငံရေး ပါတီများအတွက် အန္တရာယ်ကြီးမားလာ”ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိ အာဏာရအစိုးရဟာ မူလပါတီဖြစ်တဲ့ NLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရစေဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မဲစာရင်းကစားတာ လုပ်ဆောင်နေပါတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်မပြောဘဲ ဖုံးဖိထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း ပုဇွန်တောင်မြို့နယ်၊ […]

Continue Reading

တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခ် ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ […]

Continue Reading

Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်တယ်ဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ့မိခင်ကြီး” အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက သတ်မှတ်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာဒေါ်အောင်ဆန်းစုကြည်ပုံ ရိုက်နှိပ်ထားတဲ့ ကြေးတံဆိပ်ရိုက်နှိပ်ထားဟန် အမှတ်တံဆိပ်တစ်ခုပါဝင်ပါတယ်။ “အမေစုကို ကမ္ဘာ့မိခင်အဖြစ်သတ်မှတ်ခြင်းကို လက်မှတ်ထိုး အသိမှတ်ပြုလိုက်တဲ့ သတင်းကောင်းပါ”ဆိုပြီးတော့ apannpyaymedia၊ khitalinmedia အမည်နဲ့ဝက်ဘ်ဆိုဒ်တွေမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “Daw Mi Mi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “ကမ္ဘာ့မိခင်”ဆု၊ “world mother award”စသည်ဖြင့် ရှာကြည့်မယ်ဆိုရင် ဒီလိုအမှတ်တံဆိပ်မျိုးနဲ့ ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာမျိုး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်သာသာနဲ့ မီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မီဒီယာတစ်ခုခုက ရေးသားချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။  ဒီအမှတ်တံဆိပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် တစ်ဦးက စိတ်ကူးနဲ့ ရေးဆွဲခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်လိုမျိုးဖန်တီးချက်ကို […]

Continue Reading

အမှားပြင်ဆင်ချက်- အမရပူရက ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း အဖြစ်ဖော်ပြနေတဲ့သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ဦးဇော်ထက်အောင်အား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် မျှဝေနေတဲ့ပို့စ်ကို သတင်းမှားအဖြစ် Fact Crescendo Myanmar က ြသဂုတ် ၁၄ရက်တွင် မှားယွင်းဖော်ပြခဲ့ပါသည်။ အဆိုပါ ပို့စ်ဖော်ပြချက်မှာ မှန်ကန်သည်ကိုတွေ့ရှိရပါသည်။  ပို့စ်တွင်“ဒေါတ်ဇော်ပြိုင်မဲ့ မဲဆန္ဒနယ်မှာ ကြက်ဥသယ်ကို ဝင်ပြိုင်ခိုင်းမဲ့အစ ကား သိန်းထွန်းဦး တို့ နန္ဒာလှမြင့်တို့ သန်းဌေးတို့ လာပြိုင်ကြလေ။ ရှုံးမဲ့နေရာတွေကို ဘာမဟုတ်တဲ့ကောင်တွေနဲ့ထည့်ပြိုင်နေရ အောင် ပြည်ခိုင်းဖြိုး ဟာ ကိုယ်စားလှယ် လောင်းသိပ်ရှားနေပုံပဲ။ နိုင်ငံရေးသိက္ခာ မှာတန်းညှိမပြိုင်နိုင်တဲ့ပြည်ခိုင်ဖြိုးက ကျွန်တော်တို့ အစိုးရ ပြန်ဖြစ်ခဲ့ရင်တဲ့လားးသေခြာတယ် တစညပါတီလို မကြာခင် ပြည်ခိုင်ဖြိုးဟာ ဇာတ်သိမ်းရ တော့မယ်”လို့ ရေးသားထားပြီး “Red Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားပါတယ်။ ထိုနည်းတူစွာပဲ “Kaung Zaw”၊ […]

Continue Reading

တောင်သာက ဂုဏ်ထူး ၅ ဘာသာနဲ့အောင်မြင်ခဲ့သူရဲ့ နာမည် အချက်အလက်မှားဖြန့်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ရာမှာ လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့သလို သတင်းမှားဖြန့်ဝေမှုတွေလည်းရှိခဲ့ပါတယ်။  “Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ သူဟာ ဂုဏ်ထူး ၅ ဘာသာပဲပါတဲ့အတွက် မိဘတွေကို တောင်းပန်ကြောင်း အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို လူမှု ကွန်ယက်အသုံးပြုသူ ၁ သောင်း ၃ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက်ပေးသူ ၁ သောင်း ၈  ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ ခုံအမှတ် မသဘ ၂၀ နဲ့ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့သူဟာ မောင်ထက်လွင်အောင် မဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

နိုင်ငံတကာက စီမံကိန်းပုံတွေကို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့မြင်ကွင်း အဖြစ်ဖော်ပြနေ

ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဦးသိန်းစိန် ရေးဆွဲခဲ့သောကမ္ဘာကျော် ပန်းချီကားများ”ဆိုပြီးတော့ “Kyawlay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှာ “Ven Vi MaLa” အမည်နဲ့ဖေ့စ်ဘွတ်အသုံး ပြုသူမျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။  ဒီပို့စ်မှာဓာတ်ပုံ ၆ ပုံပါဝင်ပြီး ပုံ၃ ပုံဟာ ဖားကန့်ဒေသကျောက်မျက်တူးဖော်ရေးနဲ့ သက်ဆိုင်ပေမဲ့ ကျန် ၃ ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာက ပုံတွေဖြစ်တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံး ပိုက်လိုင်းပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီဓာတ်ပုံဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်းကနေ ချက်ဒ်ကို ရေနံတင်ပို့ဖို့အတွက် […]

Continue Reading

မောင်ထမင်းစားပီးပီလား နာမည်နဲ့ ဆယ်တန်းအောင်မြင်ခဲ့သူရှိသလား-မဟုတ်ပါ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာကြောင့် လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ ကျောင်းသား တစ်ယောက်ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေကြတာတွေ့ရပါတယ်။ “Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ” Feel.ကြမယ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက် ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေခဲ့ကြပြီး ဟာသအမြင်နဲ့ မှတ်ချက်ပေးသူ ၁၀၀ ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ အောင်မြင်သူမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ […]

Continue Reading

ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီမို ဖိုက်တာ၊ Zaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။ ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ […]

Continue Reading

NLD အလံနဲ့ခွဲမရအောင်တူတဲ့ ပါတီအလံတွေအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံနဲ့ခွဲမရအောင်တူနေတဲ့ အလံ တွေနဲ့ အခြားပါတီတွေရှိတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ခွပ်ဒေါင်းအလံနဲ့ ကြယ်တစ်လုံးပါတာခြင်းတူတဲ့ အလံ ၄ မျိုးကို နံပါတ်စဉ်တပ် ဖော်ပြထား ပြီး “ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ်ကိစ္စပါ ၁ နဲ့ ၄ က အတော်လေးဆင်တူတယ် တော်တန် ယုံလူအဖို့ NLD တံဆိပ်နဲ့ မှားနိုင်ပါတယ်… NLD ရဲ့ အမှတ်တံဆိပ်က နံပတ် ၁ ဖြစ်ပါတယ် အလွယ်တကူ ခွဲခြား သိနိုင်အောင် မှတ်သားထားဖို့က…NLD ရဲ့အမှတ်တံဆိပ်မှာ ခွပ်ဒေါင်းရဲ့နှုတ်သီးဟာ ကြယ်ထောင့်ချွန် ၂ ခု ကြားမှာရှိပါတယ်… ကြယ်ရဲ့ ညာဘက်အောက်ထောင့် အပြင်စွန်းနားမှာ နှုတ်သီးရှိနေရင် NLD မဟုတ်ပါဘူး… အဲ့ဒါလေးကို ဂရုပြုမှတ်သားထားကြပါ […]

Continue Reading