Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ
ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။ “ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ […]
Continue Reading