Fact Check: NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ ပုံအမှား
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ပလတ်ဖောင်းဘေးမှာ စားသားတချို့ရေးသားထားတဲ့ အနီရောင်ဗွီနိုင်းစတွေ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ထောက်ခံပွဲလုပ်သူတွေစည်းကမ်းမရှိပဲ ထောက်ခံပွဲက ဗီနိုင်းတွေကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ ရေးသားထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက် ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်မှာ အနီရောင်အောက်ခံမှာ အဖြူရောင်စားသားတချို့ရေးသားထားတဲ့ ဗွီနိုင်းစတွေကို အလပ်ဖောင်ဘေးမှာ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို “ရန်ကုန်မြို့တွင် ယမန်နေ့က NLD အုပ်စုအားထောက်ခံကြောင်းပြသခဲ့သည့် လူအုပ်စုသည် ၎င်းတို့ကိုင်ဆောင်သော ပိုစတာများအား လူအများသွာလာသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ပစ်ချပြီး လူစုခွဲသွားကြောင်းသိရသလို ၎င်းတို့လုပ်ရပ်အား ပူးပေါင်ပါဝင်ခြင်းမရှိသည့် ပြည်သူလူထုအားလည်း ခြိမ်းခြောက်ပြောဆိုမှု့တွေပြုလုပ်သွားတယ်လို့သိရပါတယ်။”လို့ အညွှန်းတပ် ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အဲ့ဒီ့ပို့စ်ပါ ပုံကို Zoomဆွဲပြီး […]
Continue Reading
