NLD နဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မှတ်ချက်ဆိုတဲ့ သတင်းမှားဖြန့်

လူမှုကွန်ယက်အသုံးပြုမှုမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချီးမွှမ်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ရှုတ်ချဝေဖန် တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ NLD က အင်တာနက်ခေတ်မှာ အားသာချက်တွေရှိနေပြီး ထောက်ခံသူတွေကလည်း အချက်အလက်နဲ့ အကျိုးရှိရှိ အသုံးချနိုင်ပေမဲ့ ပြည်ခိုင်ဖြိုးကတော့ photoshop လုပ်ပြီး သတင်းတုသတင်းမှားဖြန့်တာကလွဲလို့ မလုပ်တတ်တဲ့ အကြောင်း ဦးရဲထွဋ်ကပြောခဲ့တယ်ဆိုပြီးတော့ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ Link Link Link Archive link Archive link Archive link တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပြည်ခိုင်ဖြိုးပါတီအကြောင်း သုံးသပ်ပြောထားတယ်ဆိုတဲ့ ပို့စ်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီသတင်းမှန်သလားမေးလာတာကို အောက်ပါအတိုင်းပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ […]

Continue Reading

NLD ကို OIC အတွင်းရေးမှူးချုပ်က တရားစွဲဖို့တိုက်တွန်းတယ်ဆိုတဲ့ သတင်း ဗွီဒီယိုဖိုင်တု

အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်း ဆိုကြဖို့  OIC အဖွဲ့အတွင်းရေးမှူးက တိုက်တွန်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဦးဌေးအောင်ကြီးက အချိန်ကိုက်လှုပ်ရှား တာကိုးဗျ။”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ ၃ မိနစ်နဲ ၁၈ စက္ကန့်ရှည်ကြာတဲ့ ဗွီဒီယိုထဲမှာ OIC အဖွဲ့ရဲ့ လက်မှတ်ထိုးအခမ်းအနားတစ်ခုဖြစ်ဟန်တွေ့ရပြီး “ြသဂုတ် ၁၁ ရက်နေ့ ကွာလာလမ်ပူမြို့ရဲ့ သတင်းအရ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ NLD အစိုးရကို တရားစွဲဆိုနိုင်ရေးအတွက် မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် OIC အဖွဲ့ချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ OIC အတွင်းရေးမှူးချုပ် […]

Continue Reading

Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

နိုင်ငံအနှံ့ NLD ပါတီဝင်တွေအပြိုင်နှုတ်ထွက်ကုန်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံအနံ့အပြားက NLD ပါတီဝင်တွေ နှုတ်ထွက်ကုန်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် မှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်စောက်ခွက်တောင် မပြရဲတော့လို့…NLD က နှုတ်ထွက်တာပါ…တဲ့”ဆိုပြီးတော့ “Zaw Ta Mar”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှဝေထားသလို “မိုး စန္ဒာ လှို င်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ကောင်းပါတယ် အခုလိုအချိန်မှီ အမြင်မှန်တွေရလာတာ ဂုဏ်ယူပါ တယ်”စသည်ဖြင့်ရေးသားပြီး Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူစွာပဲ NLD ဗဟိုကအမတ်လောင်းအမည်စာရင်းထုတ်ပြန်ပြီးနောက် NLD ပါတီထဲတွင်အုပ်စုဖွဲ့၍ သူ့လူ ကိုယ့်လူ ရွေးချယ်သည်ဟုဆိုကာ […]

Continue Reading

အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

သီလရှင်ဝတ်နေတဲ့ အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်တည်ထောင်လိုက်တဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ  ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ အခြားသော သတင်းကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ဒီဆိုဒ်မှာ ဖော်ပြခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီလို ဒီလို ပြန်မျှဝေထားပါတယ်။ Cele Cele All  အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့သတင်းဟာ မဟုတ်ကြောင်း ကျန်းကျန်းမာမာရှိနေကြောင်းကို ဆရာလေး ဒေါ်နန္ဒမာလာ(ခ)သရုပ်ဆောင် တင့်တင့်ထွန်း နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာ ရိပ်မှ […]

Continue Reading

NLD က မွတ်ဆလင်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးမယ်ဆိုတဲ့ သတင်းတု သတင်းမှား

၂၀၂၀ NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးခန့်ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “Thein Naing Win”၊ “ေအ တီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူ “နေလ New media”အမည်နဲ့စာမျက်နှာလည်း မျှဝေထားတာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ  အတွင်းရေးမှူး မုံရွာအောင်ရှင် ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။ “မဟုတ်ပါဘူး ခင်ဗျ။လုံးဝကိုမဟုတ်ပါဘူး။ဒါတွေက ပြောရရင် အခြေအမြစ်ကို မရှိတာ။  ကျွန်တော်တို့ သိရသလောက်တော့ မန္တလေးက ဒေါ်ဝင်းမြမြတို့ ရန်ကုန်က […]

Continue Reading

ပျော်ဘွယ်မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ဗစ်တိုးရီးယားသက်ငယ်မုဒိန်းမှုနဲ့ အမရပူရက ဘုန်းကြီးဉီးသောဘိတကို စစ်တပ်က တရားစွဲတဲ့အမှုတွေမှာ ရှေ့နေလိုက်ရင်း ပိုမိုနာမည်ကြီးလာတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြု ပျော်ဘွယ်မဲ ဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  “May Myat Noe Khin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ပျော်ဘွယ်မဲဆန္ဒနယ်မြေကနေ သောင်းအေးကို မြောင်းဘေးဆွဲချဖို့ NLD ပါတီမှ ယှဉ်ပြိုင်မယ့်သူက ပြည်သူ့အချစ်တော် ရှေ့နေဒေါ်ရွက်နုအောင်ပါတဲ့ဗျာ အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးရယူနိုင်ပါစေ ဝန်းရံပေးသွားပါ့မယ် အမရွက်နုရေ …..”ဆိုပြီးတော့ “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီပို့စ်ဟာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ခြင်းမပြုမီ ရက်ပိုင်းအလိုက […]

Continue Reading

မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီကူညီမယ်လို့ ပြောကြား ဆိုပြီးသတင်းတုဖြန့်ဝေ

စက်တင်ဘာမှာ ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ အားဖြည့်ကူညီမည်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ် သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမယ်လို့  ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပြောတယ် လို့လည်းရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း ငြိမ်းချမ်း လုလင်)ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ […]

Continue Reading

ပန်းဘဲတန်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဖောက်ခွဲရေးသင်တန်းတက်ခဲ့စဉ် က ဓာတ်ပုံလား- မဟုတ်ပါ

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။  ဒီအထဲမှာ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။  “မေပန်းချီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်က အရွေးခံလိုက်ရတဲ့ စည်သူမောင်ဆိုတာ တစ်ချိန်တုန်းက အစိုးရကို မြေအောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသမားတစ်ဦးဖြစ်ပါတယ်…အခု NLD အစိုးရက သူ့လိုလူမျိုးကို နိုင်ငံ တော်ရဲ့ အာဏာကြီး(၃)ရပ်ထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံ ဟာ တူရကီနိုင်ငံလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”စသည်ဖြင့်ရေးသား မျှဝေထားတာ တွေ့ရပြီး အခြားသူတစ်ဉီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ ဒီဓာတ်ပုံမှာ မဲဆောက်မှာ ဖောက်ခွဲရေး သင်တန်းတက်ခဲ့စဉ်ကလို့လည်း ရေးသားထားပါတယ်။ […]

Continue Reading

NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ဒေါက်တာသက်သက်ခိုင် ဝေဖန်ခဲ့တယ်ဆိုတာမဟုတ်ပါ

“၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ ဒေါက်တာသက်သက်ခိုင်ပုံနဲ့ ဓာတ်ပုံပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ “လင်းလင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားပါတယ်။  Fb link Archive link လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဒီကိစ္စနဲ့ ပြန်ရှင်းလင်းဖူးပါတယ်။ အချက်အလက်စိစစ်ချက် သူရိယနေဝန်းဂျာနယ်မှာပါတဲ့ ရေးသားချက်တွေဟာ သူ့အနေနဲ့ တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိဘူးသလို ဘယ်မီဒီယာကိုမှ ပြောဆိုခဲ့ခြင်းမရှိတဲ့အတွက် ပြန်လည်ရှင်းလင်းဖို့ ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာမှာထည့်သွင်းကြော်ငြာခဲ့ပြီးနောက်မှာ သူရိယနေဝန်းဂျာနယ် ကလည်း စက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာမှာ International Social Media Network က တစ်ဆင့် ကူးယူ ဖော်ပြခဲ့မိခြင်းဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ […]

Continue Reading