
၂၀၂၀ NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးခန့်ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
“Thein Naing Win”၊ “ေအ တီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်း မျှဝေထားပါတယ်။

အလားတူ “နေလ New media”အမည်နဲ့စာမျက်နှာလည်း မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။
“မဟုတ်ပါဘူး ခင်ဗျ။လုံးဝကိုမဟုတ်ပါဘူး။ဒါတွေက ပြောရရင် အခြေအမြစ်ကို မရှိတာ။ ကျွန်တော်တို့ သိရသလောက်တော့ မန္တလေးက ဒေါ်ဝင်းမြမြတို့ ရန်ကုန်က ကိုစည်သူမောင်တို့ကို ကိုယ်စားလှယ်လောင်းအနေနဲ့ ကျွန်တော်တို့ ရွေးထားတာပါ။ အဲဒါပါပဲ။ ဒါတွေက ပြောရလို့ရှိရင် ရွေးကောက်ပွဲရဲ့ ကျင့်ဝတ်နဲ့လည်းမညီဘူး။ အခုလိုပြောတာတွေက။ ရွေးကောက်ပွဲရဲ့ ကျင့်ဝတ်အရ သတင်းအမှားတွေနဲ့မတိုက်ခိုက်နဲ့ သတင်းအတိအယောင်တွေနဲ့ မတိုက်ခိုက်နဲ့။ လူမျိုးရေး ဘာသာရေးနဲ့ မတိုက်ခိုက်နဲ့ဆိုတာတွေ ပါတယ်။ အခုဟာက လူမျိုးရေးဘာသာရေးထက် တမင်ကို လုပ်ကြံနေတာပဲဖြစ်တယ်။ ဒါကြောင့်မို့ ဒီသတင်းကတော့ မှားပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ မုံရွာအောင်ရှင်ကပြောပါတယ်။
RFM ဆိုတဲ့အမှတ်တံဆိပ်ဟာ Radio Free Asia ကိုတုပထားတဲ့ တံဆိပ်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ မီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ မီယာလုပ်ငန်းစာရင်းတွေထဲမှာလည်း မတွေ့ရသလို ဒီအမှတ်တံဆိပ်နဲ့ လူမှုကွန်ယက်စာမျက်နှာ၊ ဝက်ဘ်ဆိုဒ်စတာတွေလည်းမရှိပါဘူး။ လက်ရှိအာဏာရပါတီကို နိုင်ငံရေးအရ တိုက်ခိုက်မှုပြုဖို့ သတင်းတု သတင်းမှားဖြန့်ချိတဲ့သူတွေက စိတ်ကူးနဲ့ ပုံဖော်ပြီး အတုအပပြုလုပ် ထားတဲ့ photoshop တစ်ခုဖြစ်တာလည်းတွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်နဲ့ သတင်းတုဖြန့်ချိမှုတွေအပေါ် Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာအောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်အရ ၂၀၂၀ NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးခန့်ပေးမယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့အချက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Title:NLD က မွတ်ဆလင်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးမယ်ဆိုတဲ့ သတင်းတု သတင်းမှား
Fact Check By: Nayar MaungResult: False