Fact Check: ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေလား- မဟုတ်ပါ
ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ရှည်လျားတဲ့ ပို့စ်တွေမှာ အဓိကအားဖြင့် အရေးပေါ်ဖြစ်ရင် ခေါ်ဆိုနိုင်တဲ့ဖုန်းနံပါတ်၊ အင်တာနက်အသုံးပြုမှု ပိုမိုကောင်းမွန်စေမယ့်နည်းလမ်း၊ အားကုန်နေတဲ့ ဘက်ထရီ ပြန်လည်အားပေးစေတာ၊ ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာနိုင်ဖို့အတွက် စတာတွေကို ဖုန်းရဲ့ ကီးဘုတ်ပေါ်မှာပါတဲ့ ဂဏန်းနဲ့ အထူးသင်္ကေတလေးတွေကို အသုံးပြုပြီး ပြုလုပ်နိုင်တယ်စသည်ဖြင့် အချက်အလက်များစွာ ဖော်ပြထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Mobile ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့ (လိုတဲ့အချိန်သုံးရအောင် ဖတ်ပီးရှဲထားနော်) *#0011# ဒါလေးကို ရိုက်ထည့်လိုက် ပြီးရင် ဖုန်းကို wifi […]
Continue Reading
