Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုအပြီးမှာ အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ချိထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမှုအပြီး  လက်နက် သန်း ၅၀၀ ဖိုး  ‌ဒေါ်ဇင်မာအောင် ချပြလို့ ဗိုလ်ချုပ်တွေလန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသား […]

Continue Reading

Fact Check: ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးဆိုတဲ့ သတင်းတု 

PDF တွေ သိမ်းယူလိုက်တဲ့ ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) သမ္မတကိုလည်း ဖမ်းဆီးလိုက်တယ်ဆိုပြီး ယူကျူ့ချန်နယ်တခုက ဗွီဒီယိုကို ဖြန့်ဝေထားပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို NUG သမ္မတ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်မှာပဲ  NUG ယာယီသမ္မတကို အရှင်ဖမ်းမိထားဟု မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ချိထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ၊ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း […]

Continue Reading

Fact Check: NUG အစားထိုး အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာတဲ့ သတင်းတု

NUG အစားထိုးဖွဲ့စည်းလိုက်တဲ့ အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာ တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “NUG အပြီးသတ် ဖျက်သိမ်း အစိုးရ သစ်ဖွဲ့စည်းပြီး သမ္မတသစ်ကြေညာ NUG စစ်ဦးစီးချုပ်နေရာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် တာဝန်ယူပြီး သမ္မတနေရာ ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ […]

Continue Reading

Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု

NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ခတ် ရပ်လိုက်ပြီ NUG နဲ့ စစ်တပ် တရားဝင် သဘောတူညီမှုရရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စတင်ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတဲ့ နေရာ တခုဖြစ်တာတွေ့ရတယ်။ ရံဖန်ရံခါ […]

Continue Reading

Fact Check: NUG ကိုဖျက်သိမ်းပြီး ကြားဖြတ်အစိုးရဖွဲ့အသစ်ဖွဲ့တဲ့ သတင်းတု

NUG အစိုးရကို ဖျက်သိမ်း ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “NUG အစိုးရ ဖျက်သိမ်း ကြားဖြတ်အစိုးရ အသစ်ကြေညာ ခေါင်းဆောင်ကြီးတွေ စတင်ဦးဆောင်ပြီ နောက်ဆုံးထိုးစစ်ကြီး အမိန့်လာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတာ၊ ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ အတွေးအမြင် တွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိတဲ့ […]

Continue Reading

Fact Check: NUG နဲ့ဆွေးနွေးလိုကြောင်း စစ်တပ်ကြေညာတဲ့ သတင်းတု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ဆွေးနွေးလိုတယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUGနဲ့ ဆွေးနွေးလိုကြောင်း ကြေညာ CRPHအပါအဝင် NUGနဲ့အလွတ်သဘော တွေ့ဆုံလိုကြောင်း တရားဝင်ကြေညာ၊ NUG ပယ်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “NUG […]

Continue Reading

Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အချက် ၆ ချက်သဘောတူညီချက်ရပြီလို့ ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  မေ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အချက် ၆ ချက်သဘောတူ လိုက်ပြပြီ NUGနဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး ပြည်သူတွေ ဝမ်းသာလို့ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitthit” ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။  “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ တရုတ်သံရုံး မောင်းထုတ်မည်ဟု ‌ဇော်မင်းထွန်း အော်ပြောနေ NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန် တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link […]

Continue Reading