Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား
NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။ ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]
Continue Reading