ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား
ဧပြီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၈ ယောက်ရှိပြီး အထူးကြပ်မက် ကုသဆောင်(ICU)မှာ လူနာတစ်ဉီးပဲရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သို့ပေမဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကူးနိုင်တယ်မှန်းသိပေမယ့် ဆံပင်ကိုရိတ်ပြီး ရှေ့တန်းထွက်တဲ့ သူရဲကောင်းတွေပါသနားပါတယ်.. သူတို့ဆံပင်လေးတွေကို နှမြောမှာပဲနော်..လေးစားမိပါတယ်”လို့ “KAUNG MA LAY” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့သတင်းထူး”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဒီသတင်းကို မျှဝေခဲ့ရာ နာရီပိုင်းအတွင်း လူ တစ်ထောင်နီးပါက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ “KAUNG MA LAY”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ဒီသတင်းကိုပဲ “Win Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “သီတဂူဆရာတော်ကြီးကို […]
Continue Reading