နိုင်ငံတကာက စီမံကိန်းပုံတွေကို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့မြင်ကွင်း အဖြစ်ဖော်ပြနေ

ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဦးသိန်းစိန် ရေးဆွဲခဲ့သောကမ္ဘာကျော် ပန်းချီကားများ”ဆိုပြီးတော့ “Kyawlay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှာ “Ven Vi MaLa” အမည်နဲ့ဖေ့စ်ဘွတ်အသုံး ပြုသူမျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။  ဒီပို့စ်မှာဓာတ်ပုံ ၆ ပုံပါဝင်ပြီး ပုံ၃ ပုံဟာ ဖားကန့်ဒေသကျောက်မျက်တူးဖော်ရေးနဲ့ သက်ဆိုင်ပေမဲ့ ကျန် ၃ ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာက ပုံတွေဖြစ်တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံး ပိုက်လိုင်းပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီဓာတ်ပုံဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်းကနေ ချက်ဒ်ကို ရေနံတင်ပို့ဖို့အတွက် […]

Continue Reading