NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောဆိုတဲ့ သတင်းတု
လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ “NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင်ပြော”လို့ရေးသားထားပြီး RFA သတင်းဌာနတံဆိပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပုံကို အသုံးပြုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို “ဦးဦး မြင့် အောင်”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီဓာတ်ပုံပို့စ်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမကြာခဏပေါ်လာတဲ့ ဓာတ်ပုံပို့စ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ “ဒီမိုကရေစီရဲ့အရသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့သလို ၂၀၂၀ ဧပြီ ၆ ရက်မှာ “နော် ဇေ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ပါသလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်က တကယ်ပဲ RFA သတင်းဌာနကို ပြောကြားခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး RFA […]
Continue Reading