Fact Check: လက်ဝှေ့ကစားသမား ဖိုးသော်သေဆုံးတဲ့သတင်းမှား

လက်ဝှေ့ကစားသမားဖိုးသော် သေဆုံးသွားပြီလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ကန်တော်ကြီးဝင်းအတွင်း ဗုံးပေါက်ခွဲမှုမှာ ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာနဲ့  ဆေးရုံတက်ရောက်ကုသနေစဉ်မှာ စစ်တပ်က ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ဖိုးသော်ဟာ ဗုံးပေါက်ကွဲမှုကြောင့် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်ပေမဲ့ သေဆုံးတဲ့သတင်းအထောက်အထားမျိုး မတွေ့ရပါဘူး။  “ဖိုးသော် ဆုံးသွားပြီ စိတ်မကောင်းဘူးညီ။ ဘယ်တတ်နိုင်ပါ့မလဲ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကတော့ ငါတို့ပြည်သူတွေအတွက်တော့ ကမ္ဘမကြေပါပဲ။ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ။ 😭😭😭 ဉာဏ်လှိုင် 7-5-2021”လို့ေရးသားပြီး “Jo Tiger”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ပို့စ်တွေဖြစ်တဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာ တွေ့ရပြီး ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဖိုးသော်သေဆုံးသွားပြီဆိုတဲ့သတင်းတွေဟာ မေ ၇ […]

Continue Reading