အီတလီမှာ ဖုန်းကာဗာကြောင့် လူ ၅၀၀၀ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ခံရသလား

မတ် ၂၇ ရက် ဥရောပစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်တဲ့ စာရင်းအရ အီတလီနိုင်ငံမှာ လူပေါင်း ၈၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော်ထပ်မံကူးစက်ခံခဲ့ရပြီး လူနာ ၈၁၀၀ ကျော် ဒီကူးစက်ရောဂါကြောင့် သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် အီတလီနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသတင်း ရေပန်းစားတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။ “အီတလီနိုင်ငံတွင် သုတေသနပြုချက်အရ လက်ကိုင်ဖုန်း ကာဗာထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ခိုအောင်နေခြင်းကြောင့် ကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိခဲ့ကြောင်းတွေ့ရပြီး.. လက်ကိုင်ဖုန်း ကာဗာများ ကို ဖြုတ်ခွာ သုံးစွဲလျင် ပို၍ ဘေးအန္တရာယ်ကင်းပါတယ်” ဆိုပြီး Aung Naing Htwe အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link […]

Continue Reading