Facebook ပေါ်မှာအွန်လိုင်းရှော့ပင်ရောင်းတဲ့သူတွေကို ဖမ်းဆီးဆိုတဲ့ သတင်းက ဓာတ်ပုံတွေက ပြည့်တန်ဆာလုပ်ငန်းဖမ်းဆီးမှုပုံတွေဖြစ်နေ

“Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ ရောင်းချနေသော onlineshopping အကောင့်ပိုင်ရှင် အမျိုးသမီး များနှင့် နိုင်ငံတော်ထံ အခွန်မဆောင်သော တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “မြန်မာပြည် Facebook ပေါ်တွင် အခွန်မဆောင်ပဲ အလွန်အကြူး ရောင်းချနေသော တရားမဝင် အွန်လိုင်းရှော့ပင် ဒိုင်ကြီးများကို မနေ့ကဖမ်းဆီးရာမှ ပစ္စည်းပို့အမျိူးသားတစ်ဦးအပါဝင် တရားခံအမျိူးသမီးများစွာဖမ်းမိလိုက် တယ်လို့ သတင်းရရှိပါသည်။ အဆိုပါ အွန်လိုင်းစျေးရောင်းသူတွေဟာရန်ကုန်မြို့ မှဖြစ်ပြီး အိပ်ရာခင်း ခေါင်းအုံး မွေ့ရာများကို အဓိကထားရောင်းချသူများ ဖြစ်ကြောင်း သိရပါသည်။ ခေါင်းအုံးနှစ်လုံး အိပ်ရာခင်းဆယ်ခု ဖက်လုံး တစ်လုံးနဲ့ ပစ္စည်းရောင်းချငွေ လေးသောင်းလောက် ဖမ်းမိတယ်လို့ သိရှိရသည်။ မြန်မာပြည်ကိုဗစ်ကာလ နောက် ပိုင်း တစ်လကျော်အတွင်း အခုလို အွန်လိုင်းစျေးရောင်သူအဆမတန်များပြားလာပြီး ရဲတပ်ဖွဲ့ကဖမ်းမိတဲ့ အွန် လိုင်းရှော်ပင်သမား ၈၆ […]

Continue Reading

အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။  Fb link Archive link […]

Continue Reading