ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မှာ ရဲဖမ်းဆီးစဉ်အတွင်း အာဖရိကဖွားအမေရိကန်အမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ချို့ရှိသလို အကြမ်းဖက်ဖျက်ဆီးမှုတွေလည်းရှိခဲ့ပါတယ်။ ဝါရှင်တန်၊လော့အိန်ဂျလိစ်၊ချီကာဂို၊မီယာမီ၊ဒက်ထရွိုက်၊ဖိလဒယ်ဖီးယားစတဲ့ မြို့ကြီးပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေါသထွက်နေတဲ့ဆန္ဒပြည်သူ တွေကို ငြိမ်းချမ်းစွာ ဒူးထောက်၍ အသနားခံတောင်းပန်နေ”ဆိုတဲ့ ပို့စ်တစ်ခုကို  extramm.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားထားတာတွေ့ရပါတယ်။ Link Archive link “ခွန်အားရှိသော စာပေများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “WT Kaung”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူလည်း ပြန်လည်မျှဝေထားသလို “Su Su San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ရဲအရာရှိကြီးငယ်တွေက အုပ်စုလိုက် ဒူးထောင်နေကြတာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading