နိုင်ငံတကာက စီမံကိန်းပုံတွေကို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့မြင်ကွင်း အဖြစ်ဖော်ပြနေ

ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဦးသိန်းစိန် ရေးဆွဲခဲ့သောကမ္ဘာကျော် ပန်းချီကားများ”ဆိုပြီးတော့ “Kyawlay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှာ “Ven Vi MaLa” အမည်နဲ့ဖေ့စ်ဘွတ်အသုံး ပြုသူမျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။  ဒီပို့စ်မှာဓာတ်ပုံ ၆ ပုံပါဝင်ပြီး ပုံ၃ ပုံဟာ ဖားကန့်ဒေသကျောက်မျက်တူးဖော်ရေးနဲ့ သက်ဆိုင်ပေမဲ့ ကျန် ၃ ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာက ပုံတွေဖြစ်တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံး ပိုက်လိုင်းပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီဓာတ်ပုံဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်းကနေ ချက်ဒ်ကို ရေနံတင်ပို့ဖို့အတွက် […]

Continue Reading

ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီမို ဖိုက်တာ၊ Zaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။ ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ […]

Continue Reading

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ Khin Zin Htay အမည်နဲ့အကောင့် myanmarpress.com ကပို့စ်တစ်ခုကိုမျှဝေလာတာလည်းတွေ့ရပါတယ်။  FB link Archive link အချက်အလက်စိစစ်ချက် ၁။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦး ညီရမ်းက ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကို အတည်ပြုပါတယ်။  “ကျွန်တော်တို့အတွက် နိုင်ငံရေးအရလည်း မကောင်းပါဘူး။ ဘယ်လိုကိုးကားရေးထားသလဲပေါ်မူတည်တာပေါ့။ အခြေအမြစ်မရှိပါဘူး”လို့ ဦး ညီရမ်းက ပြောပါတယ်။ ၂။ တရားဝင်သတင်းဌာနတွေက ဒီလိုဖော်ပြထားတာမတွေ့ရပါဘူး။ ၃။ myanmarpress.com ကရေးသားတင်ဆက်ထားပုံကြည့်ရင်လည်း ဘယ်သူဘယ်ဝါက ပြောတယ်၊ ဘယ်အချိန်မှာပြောတယ်၊ ဘယ်သူ့ကိုပြောတယ်ဆိုတာကို ကိုးကားရေးသားထားခြင်းမရှိပါဘူး။ သတင်းရေးသားရာမှာ “ဘ” ၆လုံးဆိုတဲ့ ဘယ်သူက၊ […]

Continue Reading

ဒီပဲယင်း တွေ့ဆုံပွဲတွင် နားမထောင်ချင်ရင် ထွက်သွားဟု အတိုင်ပင်ခံ မောင်းထုတ်ဆို တဲ့သတင်းမှား

စစ်ကိုင်းတိုင်းဒေသကြီးဒီပဲယင်း လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က  နားမထောင်ချင်ရင် ထွက်သွား နိုင်တယ်လို့ မောင်းထုတ်ခဲ့တယ်ဆိုတဲ့သတင်း လူမှုကွန်ယက်မှာ မျှဝေမှုရှိပါတယ်။ အမှာ စကားပြောကြားနေစဉ် ပွဲစီစဉ်သူ များ၏ နေရာချထားမှုကြောင့် လူထု ပရိတ်သတ်တွေအကြားမှာ အငြင်းပွား စရာတွေဖြစ်ပေါ်ခဲ့ပြီး စကားအငြင်းအခုံ ဖြစ်ခဲ့ ကြောင်း ၎င်းကဲ့သို့ဖြစ်နေစဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ သူမအနေနဲ့ အခုလို စကားပြေနေချိန်မှာ စည်းကမ်းတကျ နားထောင်စေလိုကြောင်း  ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကအစ စည်းကမ်းရှိကျ ရန်နှင့် အခု လိုလုပ်ရပ်မျိုးဟာ ရိုင်းပြတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှေ့နားမှာရှိတဲ့ ကင်းထောက်အဖွဲ့တွေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေအနေဖြင့် လည်း စည်းကမ်းရှိကျဖို့ လိုကြောင်း ကင်းထောက်အဖွဲ့အစည်း က ပိုပြီးစည်းကမ်းရှိရှိ နေထိုင်ကျဘို့နဲ့ သူမ စကားပြောနေ ချိန်မှာ အခုလိုစကားများနေတဲ့သူတွေအနေ နဲ့နားမထောင်ချင်ရင် ထွက်သွား နိုင်တယ်လို့ […]

Continue Reading

NLD နဲ့ မွတ်ဆလင်များကိုဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ဖမ်းခိုင်းဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ပေးစေခိုင်းချက်အရ NLD အစိုးရနှင့် မွတ်ဆလာမ်ဘာသာဝင်များကို တိုက်ခိုက်ရေးသားပြောဆိုသော သူတွေကို ၂၉၅ က ၅၀၅ ပုဒ်မတွေဖြင့် အမှုဖွင့်ထောင်ချဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးဝန်ကြီး ဥ◌ီးဇော်ဌေးကပြောကြားတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ ဦးကြီးဇော်အမည်နဲ့ အကောင့်က အောက်ပါအတိုင်းရှယ်ထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတစ်ယောက်ဖြစ်တဲ့ ဦးအေးလွင်က ဒီလိုညွှန်ကြားထားတာမရှိဘူးလို့ Fact Crescendo ကိုအတည်ပြုပါတယ်။ မကြာခဏစွပ်စွဲ ပြောခံရမှုတွေရှိပြီး အခုနောက်ပိုင်း အစ္စလာမ်ဘာသာ ရေးနဲ့ ပတ်သက်တဲ့ပွဲတော်တွေမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တာမရှိ တော့ဘဲ ခပ်ကင်းကင်းနေတယ်လို့ သူကပြောပါတယ်။ ၂။ ဦးဇော်ဌေးဟာ သမ္မတရုံးဝန်ကြီးမဟုတ်ဘဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ချုပ်ဖြစ်ပါတယ်။ ဒီသတင်းမှာ သမ္မတရုံးဝန်ကြီးဆိုပြီးရေးထားပါတယ်။ စကားလုံးအမှားတွေလည်း တွေ့ရပါတယ်။ ၃။ […]

Continue Reading

ဓာတ်ပုံဟောင်းတွေကို ယနေ့ဆန္ဒပြထောက်ခံပွဲအဖြစ် ပြန်လည်ဖော်ပြနေသတင်းမှား

ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် မဲခွဲဆုံးဖြတ်နေချိန်မှာ “၅၉ စထောက်ခံပွဲ10. 3.  2020. သွေးကြောင်ရင်ဘေးရှောင်နေခဲ့ကြ ယခုမြင်ကွင်း” ဆိုပြီးတော့ လူတန်းကြီးတွေပါတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။ Thank Htike အမည်နဲ့အကောင့်က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ FB link Archive link Daw Lay Thiri အမည်နဲ့အကောင့်က 🇲🇲မှု့ခင်းနှင့်အထူးသတင်းများ  ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်။ Fb link  Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာကို ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုပြီး ပုံတွေရှာတဲ့အခါမှာ ဒီလိုအလားတူဓာတ်ပုံတွေ  တွေ့ရပါတယ်။ ၂။  Paing Zin Tun အမည်နဲ့အကောင့်က ၂၀၁၈ ခုနှစ် […]

Continue Reading

ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား

မတ်လ ၅ ရက်က အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယအစည်း အဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်လို့ Forward Media က လူမှုကွန်ယက်မှာ ရေးသားမျှဝေထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ အရေးကိစ္စမှာ မြန်မာဘက်က ခုခံချေပခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာဝီလီယံရှာဘတ်စ်ကိုကြိုဆိုဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိနေစဥ◌်မှာ နိုင်ငံတော်သံဃာမဟာနာယက အစည်းအဝေးကို တက်ရောက်ခဲ့တာလို့လည်း ရေးသာ းထားပါတယ်။ဒေါက်တာဝီလီယံရှားဘတ်စ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုလျှောက်ထားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။  ၂။ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကထုတ်ပြန်ချက်ချက်မှာလည်း ဒီလိုပြောကြားချက် မတွေ့ရှိရပါဘူး။ ပါမောက္ခ ဒေါက်တာဝီလီယံရှာဘတ်စ်နဲ့တွေ့ဆုံတဲ့ ထုတ်ပြန်ချက်လည်း မတွေ့ရှိပါဘူး။ ၃။ အခြားသတင်းဌာနတွေကလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ Forward Media ရဲ့ဖော်ပြချက်ဟာ […]

Continue Reading

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းမှား

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ Forward Media Group ဆိုတဲ့စာမျက်နှာက မျှဝေလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို အကြောင်းပြချက်တစ်စုံတစ်ရာ မထောက်ပြပဲတာဝန်များမှ ရပ်စဲစေလိုက်တဲ့ လုပ်ရပ်ဟာ ပါတီတွင်းမှာ အာဏာရှင်ဆန်ဆန် ဖြုတ်ထုတ်သတ် လုပ်နေတဲ့ လုပ်ရပ်ဖြစ်ပြီး ပါတီအပေါ်အထင်အမြင်လွဲမှား တာတွေဖြစ်လာနိုင်တယ်လို့  ပါတီဗဟိုသတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ထုတ်ဖော်ပြောဆိုတယ်ဆိုပြီး မုံရွာအောင်ရှင်ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒေါက်တာမျိုးညွှန်က ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ မုံရွာအောင်ရှင်ကလည်း ဒီလို ဘယ်မီဒီယာမှ မပြောကြောင်း ပြောပါတယ်။  ၂။ Google မှာ “မုံရွာအောင်ရှင်”ဆိုတဲ့စကားလုံးကို သုံးပြီး ရှာကြည့်ရင် မတ်လထဲမှာ […]

Continue Reading