Fact Check: ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းစာရင်း အမှားထွက်ပေါ်
ရန်ကုန်တိုင်းရဲ့ Stay Homeသတ်မှတ်ကာလအတွင်း မြိုနယ်ကျော်သွားလာဖို့ QR Passလိုအပ်ပြီး QR Passမလိုအပ်ပဲ မြို့နယ်ကျော်သွားလာလုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတချိုမှာ အမျိုးမျိုးဖြန့်ဝေနေကြတာတွေ့ရပါတယ်။ ဒိလိုဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ “QR Pass မလိုပဲ လွတ်လပ်စွာသွားလာနိုင်သူများ ထုတ်ပြန်”လို့ အညွှန်းတပ်ထားပြီး QR Passမလိုတဲ့လုပ်ငန်းတွေအဖြစ် (၁)ဘဏ်လုပ်ငန်း၊ (၂)စက်သုံးဆီအရောင်ဆိုင်များ၊ (၃)Shopping Mall၊ (၄)Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးတာဝန် ထမ်းဆောင်နေသူများ၊ (၆)သတင်းတိုက်များ၊ (၇)နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနမှတာဝန်ရှိသူများလို့ ဖော်ပြထားကာ ဒီလုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကဒ်နဲ့သွားလာနိုင်ကြောင်း ရေးသားထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်မှာဖော်ပြထားတဲ့ […]
Continue Reading