Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading