Fact Check: NLDကို အားပေးသင့်တယ်လို့ ဦးစိုင်းညွန့်လွင်ပြောခဲ့သလား
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူဦးစိုင်းညွန့်လွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို အားပေးသင့်တယ်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကဲ စပြီးနော်ငါတို့တောင်ပေါ်သားတွေကနေပြီးအမေ့ဖက်မှာစပြီးရပ်တည်လိုက်ပြီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့NLDပါတီဘက်ကအတိအလင်းရပ်တည်ပြီ”လို့ ခေါင်စဉ်တပ်ထားပြီး “တစ်ခုက NLD အစိုးရဖြစ်မယ်ဆိုတော့ ကျနော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင် ပြည်ခိုင်ဖြိုးအစိုးရ ဆိုရင်တော့ အတိုက်အခံလုပ်ရတာပြဿနာမရှိဘူး။ နောက်ပြီးတော့ ပြည်နယ်ကိစ္စ ထားလိုက်ဦး ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် NLD ကို အားပေးသင့်တယ်လို့ ထင်တယ်…”စသဖြင့် ရေးသားထားတာတွေကို ဦးစိုင်းညွန့်လွင်ပြောခဲ့သလို ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ NLDပါတီကို အားပေးသင့်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားစာသားတွေကို ရေးသား ပြောကြားထားတာမတွေ့ပါဘူး။ ဒါပေမဲ့ […]
Continue Reading