Fact Check: နေပြည်တော်တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် တက်ရောက်မယ်ဆိုတဲ့ သတင်းအမှား

ဇန်နဝါရီ ၂၈ရက်နေ့ နေပြည်တော်မှာပြုလုပ်မဲ့ တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် ဦးဉာဏိဿရ အပါဝင် နိုင်ငံတော်အဆင့်မဆရာတော်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ DKBA KNU BGFက တပ်ဖွဲ့ဝင်တွေပါ တက်ရောက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်အပြည်အစုံကတော့ “မျိုးချစ်အပေါင်းတို့ရေ လာမဲ့(28)နေ့ကို နေပြည်တော်မှာပြုလုပ်မဲ့ ထောက်ခံပွဲးကို သီတဂူဆရာတော်ဘုရားကြီးနဲ့ သံယာတော်အပေါင်တို့က လာရောက်မှာဖြစ်ပါတယ် အဲ့နေု့ကြရင် အမျိုးချစ်အပေါင်းတို့ကို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့မရပါဘူး မျိုးချစ်တို့ကို ဝန်းရန်ဖို့ DKBA BGF KNU တို့ပါ လာရောက်ပူးပေါင်းပြီးစောင့်ရှောက်ပေးမှာဖြစ်ပါတယ် အမျိုးသားရေးသမားတွေနဲ့ အခုတချို့တွေဆို နေပြည်တော်ကို ရောက်ရှိနေကြပါပြီ ဒီသတင်းကို အမိန်တခုနဲ့ အမျိုးသားရေးသမားတွေနဲ့ ဆရာတော်ဘုရားကြီးတွေကို စောင့်ရှောက်ဖို့ နေပြည်တော်ကို တာဝန်နဲ့ရောက်ရှိနေတဲ့သူငယ်ချင်းက ပြေားပြပါတယ် ခင်ဗျာ  လေးစားစွာဖြင့်”လို့ရေးသားထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading